"ကားမဝယ်ခင် Auction Report နဲ့ စစ်ဆေးလိုက်တဲ့အတွက် စိတ်လဲသန့်သွားတယ်။ အချိန်နဲ့ ငွေလဲ အကုန်အကျ သက်သာသွားပါတယ်။ ဂျပန်ကားလုပ်ငန်း လုပ်ကိုင်သူတွေ ကားဝယ်သူကော ရောင်းသူအတွက်ပါ တကယ့်ကို အထောက်အကူ ဖြစ်တဲ့အတွက် Auction Report နဲ့ အရောင်းအဝယ် လုပ်သင့်ပါတယ်။" - ကားဝယ်သူ
"ဒီတလောက ကျွန်တော့်သူငယ်ချင်းက ကားဝယ်ချင်တယ်ဆိုလို့ Auction Report နဲ့ စစ်ပြီးမှ ၀ယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကားအကြောင်းလဲ ကောင်းကောင်းနားမလည်ဘူးလေ။ ကားအခြေအနေလဲ ပြင်ထားတာများ ဖြစ်နေမလားဆိုပြီး စိတ်ပူနေလို့ပါ။ စစ်လိုက်တော့ ကားက ဂျပန်က သွင်းထားတဲ့ အခြေအနေနဲ့ မကွာတဲ့အတွက် သူဝယ်ဖြစ်သွားပါတယ်။ တချို့ရောင်းတဲ့သူတွေက ပြင်ရောင်းတာတို့ မီတာကို လျော့ထားတာတို့ ရှိတော့ ကျေးဇူးအရမ်းတင်တယ်လို့ ပြောပါတယ်။" - စိတ်ကျေနပ်မှုရသူ
"ဟိုနေ့က ကားတစ်စီး ရောင်းလိုက်ပါတယ်။ ၀ယ်တဲ့သူက ကားအခြေအနေကို အာမခံပေးပါဆိုလို့ ကျွန်တော်က Auction Report ကိုဝယ်ပီး သူ့ကိုပြလိုက်တော့မှ တကယ်မှန်ကန်ကြောင်း ဘာကြောင့် အာမခံနိုင်ကြောင်း 100% ယုံကြည်သွားပါတယ်။ ဒါကြောင့် ဒီ Report က ကျွန်တော်တို့လို့ ကားဝယ်ရောင်းလုပ်တဲ့ သူတွေအတွက် တကယ့်ကို မရှိမဖြစ်လိုအပ်လာပါတယ်။ နောက်လဲ ဆက်လက်အသုံးပြုသွားမှာပါ။" - ကားရောင်းသူ